(စ) ၁၆၁၈၈၈ အက္ခရာနံပါတ်မှ ကျပ် သိန်းငါးထောင်ဆု
(ဇ) ၇၇၂၇၁၂ အက္ခရာနံပါတ်မှကျပ် သိန်းနှစ်ထောင်ဆု ဆွတ်ခူး

0
82

ယနေ့ဖွင့်လှစ်သည့် (၆၁) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ ကံထူးရှင်တို့၏ထီနံပါတ်များပေါ်ထွက်လာပြီဖြစ်သည်။

(စ) ၁၆၁၈၈၈ အက္ခရာနံပါတ်မှ ကျပ် သိန်းငါးထောင်ဆု၊
(ဇ) ၇၇၂၇၁၂ အက္ခရာနံပါတ်မှကျပ် သိန်းနှစ်ထောင်ဆု
(ဇ) ၃၇၅၅၉၄ မှ ကျပ် သိန်းတစ်ထောင်ဆု၊ (စျ) ၅၀၂၆၀၊ (ခ) ၆၅၅၄၀ ၊ (ဃ) ၅၈၅၇၂ မှ ကျပ်သုံးသိန်းဆု၊ (စ) ၃၅၉၃၊ (ဃ) ၂၃၃၇၊ (စျ) ၇၅၆၀ ကျပ် နှစ်သိန်းဆု၊
(ခ) ၉၀၁၊ (ဇ) ၃၂၉ ကျပ် တစ်သိန်းဆုဆွတ်ခူးခဲ့ကြောင်း သိရသည်။

(၆၁) ကြိမ် မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ် ၅၅၂၂ သန်းကျော် ရရှိခဲ့ပြီး အဆိုပါ ထီရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၈၆၅ သန်းကျော်နှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ ကို ထီဆုငွေအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(၆၁) ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ နှစ်ဆု၊ ကျပ်သိန်းနှစ်ရာ နှစ်ဆု၊ ကျပ်သိန်းတစ်ရာ ငါးဆု၊ ကျပ်သိန်းငါးဆယ် ရှစ်ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၂) ဆု၊ ကျပ်ဆယ်သိန်း (၁၃) ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ် သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိ န်း (၃,၀၀၀) ဆု၊ ကျပ်ငါးသောင်း (၂၀,၀၀၀) ဆု၊ ကျပ်တစ်သောင်း (၁၀၀,၀၀၀) ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ် ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း (၂၀) ဆု၊ ကျပ်နှစ်သိန်း (၂၀၀) ဆု၊ ကျပ်တစ်သိန်း (၂,၀၀၀) ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here