အကြမ်းဖက်လုပ်ရပ်များအတွက် ယူကရိန်း လုံခြုံရေးဋ္ဌာနခေါင်းဆောင်ကို လွှဲပြောင်းပေးဖို့ ရုရှားရဲ့ တောင်းဆိုမှုအား ယူကရိန်း ပယ်ချ 

0
121

ယူကရိန်း SBU လုံခြုံရေးဋ္ဌာန ခေါင်းဆောင်အပါအဝင် ရုရှားနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်စပ်သူအားလုံးကို လွှဲပြောင်းပေးဖို့ ရုရှားက တောင်းဆိုထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ 

SBU ကတော့ ရုရှားရဲ့ တောင်းဆိုမှုဟာ အဓိပ္ပါယ်ကင်းမဲ့တယ်ဆိုကာ ပယ်ချခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအနေနဲ့ ကရင်မလင်ခေါင်းဆောင် ဗလာဒီမာပူတင်ဟာ နိုင်ငံတကာအလိုရှိနေသူဖြစ်တယ်ဆိုတာကို မေ့ထားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ထင်ရှားတဲ့ အမျိုးသားရေးဝါဒီနဲ့ စစ်ပွဲဘလော့ဂါတစ်ဦးရဲ့ သမီးဖြစ်သူ သေဆုံးခဲ့တဲ့ ဗုံးခွဲမှုနဲ့ စာရေးဆရာတစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တဲ့ဖြစ်ရပ်တစ်ခုအပါအဝင် ရုရှားတပ်တွေ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရုရှားမြေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေကို ဖော်ပြခဲ့ပါတယ်။ 

ဖြစ်ရပ်တွေအပေါ် စုံစမ်းစစ်ဆေးချက်တွေအရ ဒီရာဇဝတ်မှုတွေဖြစ်ပေါ်လာရာလမ်းကြောင်းတွေဟာ ယူကရိန်းကို ဦးတည်နေတာကို ပြသခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဆိုခဲ့ပါတယ်။ 

ဒီအကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်သူအားလုံးကို ချက်ချင်းဖမ်းဆီးကာ လွှဲပြောင်းပေးဖို့အတွက် ၎င်းတို့ရဲ့ တောင်းဆိုချက်ကို ယူကရိန်းအာဏာပိုင်တွေထံ လွှဲပေးထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့တဲ့ လွှဲပြောင်းပေးဖို့စာရင်းမှာ ခရိုင်းမီးယားနဲ့ ရုရှားပြည်မကို ဆက်သွယ်ထားသော တံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ SBU ခေါင်းဆောင် Vasyl Maliuk လည်းပါဝင်ပါတယ်။

ကိဗ်အစိုးရအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ကူညီပံ့ပိုးမှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့ အပြစ်ရှိတဲ့ အဖွဲ့အစည်းတွေကို လွှဲပေးပြီး ထိခိုက်ခဲ့မှုတွေအတွက် လျော်ကြေးပေးဖို့ ရုရှားဘက်က တောင်းဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

ရုရှားရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ယူကရိန်း SBU လုံခြုံရေးဋ္ဌာနကတော့ ကိုယ်တိုင်အကြမ်းဖက်ဖြစ်နေသော နိုင်ငံမှလာတဲ့အသံဖြစ်ကြောင်း ဒါကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှလာတဲ့ စကားရပ်တိုင်းဟာ အဓိပ္ပါယ်ကင်းမဲ့ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ 

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here