ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင် နေ၊ပုဂ္ဂလိကကျောင်း မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းဧပြီ (၁၂) ရက်ထိခွင့်ပြုထား

0
163

ပုဂ္ဂလိကကျောင်းများ ပုဂ္ဂလိက ပညာရေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဧပြီ (၁၂) ရက်အထိ ရက်တိုးမြှင့်ခွင့်ပြုပေးထားကြောင်းပညာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကျောင်း ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သော ပညာတတ်များမွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မားတိုးတက်လာစေရန် ရည်မှန်းချက်ဖြင့် ပုဂ္ဂလိကကျောင်းများ စနစ်တကျ မှတ်ပုံတင်ပြီး ဖွံ့ဖြိုးလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း ဒုဝန်ကြီးက ဆိုသည်။

ထို့အပြင် ပုဂ္ဂလိကကျောင်းများကို မြေပြင်ကွင်းဆင်းစစ် ဆေးမှု အတွေ့အကြုံများ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြရန် တိုက် တွန်းလိုကြောင်း ဒုတိယဝန်ကြီးက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခင်တည်ထောင်ထားသော ပုဂ္ဂလိကကျောင်းများ ပုဂ္ဂလိ ကပညာရေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် မတ် (၈) ရက် နောက်ဆုံးထားဆောင်ရွက်ရန် ကြေညာထားရာမှ ယခုအခါ နောက်ဆုံးအကြိမ်အဖြစ် ဧပြီ (၁၂) ရက်အထိ ရက်တိုးမြှင့်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ ပြုလုပ်ကြရ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here