မန္တလေး၊ ပြည်ကြီးတံခွန်တွင် ကိုယ်ပိုင်ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွား

0
162

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၅)လမ်းနှင့် (၁၃၉)လမ်းကြားတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုကူညီရေးအသင်များထံမှ သိရသည်။

ယနေ့ ဧပြီ (၁) ရက်၊ နေ့လယ် (၁၂)နာရီ (၂၇)မိနစ် အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်း နေ့လယ် (၁၂)နာရီ (၃၅) မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၁၂)နာရီ (၄၈)မိနစ်အ ချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း၊ ကုန်စုံဆိုင် တစ်ဆိုင်နှင့် တွဲကားတစ်စီးတို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးတွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရာသီဥတုကလည်း ပူလာပြီ၊ လေကလည်းတိုက်တယ်။ ဒီရက်ထဲ မီးလောင်မှုက စိပ်လာတယ်။ ဧပြီမှာ အပူချိန် မြင့်တက် နေတာပေါ့နော်။ အဲဒီတော့ မီးအရေးနဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုနေပါတယ်”ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ ဧပြီ (၁)ရက်၊ နံနက်အစောပိုင်းကလည်း မဟာအောင် မြေမြို့နယ်၊ ၇၈ လမ်း၊ ၇၇ လမ်းနှင့် ၃၅ လမ်း၊ ၃၆ လမ်းရှိ စက်ဘီးအရောင်းဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သေးရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here