တောင်ငူတက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
143

ယနေ့ ဧပြီလ(၁)ရက်၊နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးတော င်ငူမြို့၊ တောင်ငူတက္ကသိုလ်ဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် ဝါယာရှော့ဖြစ်ပွားရာမှတဆင့် မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့ထံကသိရသ ည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဝန်ထမ်းအိမ်ယာ လိုင်ခန်း (၈) ခန်းတွဲ မီးလောင်ကျွမ်းခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

” ဝါယာရှော့ကြောင့် လောင်တာပါ။ မနက်(၁၀)နာရီလောက်ကပါ။ လူထိခိုက်သေဆုံးမှုမရှိပေမယ့် စက်ဘီးတွေ ဆိုင်က ယ်တွေတော့ မီးထဲပါသွားတယ်။”ဟု ဒေသခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ပြင်သို့ ဒေသတွင်း မီးသတ်သတ်ဖွဲ့များ ၊ လူမှုကူ ညီရေးအဖွဲ့များ သွားရောက် ငြိမ်းသတ်ခဲ့ကြပြီး တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here