Donetsk ဒေသတွင် ရုရှားတပ်များ ရှေ့သို့ချီတက်နေ

0
181

ရုရှား အမှတ်(၁) တပ်မတော် ၏ T-80 တင့်ကားများနှင့် တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်များသည် Donetsk ဒေသရှိ တောင်ဘက်တိုက်ပွဲဝင် ချေမှုန်းရေးအုပ်စုများကို ကူညီပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“Donetsk နယ်မြေ တောင်ပိုင်းရှိ တိုက်ပွဲအုပ်စု တိုက်ခိုက်ရေးတပ်ဖွဲ့များ ရှေ့သို့ဆက်လက်ချီတက်နေခြင်းကို မိမိတို့၏ T-80 တင့်ကားများနှင့် တိုက်ခိုက်ရေးဒရုန်းများကို မောင်းနှင်သည့် တပ်ဖွဲ့ဝင်များက ကူညီပေးလျှက်ရှိသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ အဆိုအရ အမှတ် (၁) တပ်မတော် တပ်မ၏ မောင်းသူမဲ့ လေယာဉ်မှူးများနှင့် မောင်းသူမဲ့ လေယာဉ် များသည် တောင်ဘက်ရှိ တိုက်ခိုက်ရေး တပ်ဖွဲ့များသို့ ပစ်ခတ်မှု အထောက်အပံ့ ပေးရန် နှင့် ရန်သူ့ ခြေလျင်တပ်ရင်းများကို အပြင်းအထန် ဖျက်ဆီးနေသော သံချပ်ကာ ယာဉ်များ ၏ စစ်ဆင်ရေး များကို ကူညီ လုပ်ဆောင် ပေးလျက် ရှိသည်။

မြေပြင်အနေအထားကို အခွင့်ကောင်းယူ၍ T-80 တင့်ကားများမှ တပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်ရန်နေရာများသို့ ပြောင်းရွှေ့ကာ ၎င်းတို့၏ ခြေကုပ်စခန်းများရှိ ယူကရိန်းတပ်များကို ခြေမှုန်းကာ ရန်သူ၏ ခံစစ်အတွင်းသို့ နက်နက်နဲနဲ တိုးဝင်စေခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here