သင်္ကြန်ကာလအတွင်း အရေးပေါ်ခရီးသွားလာလိုသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အဝေးပြေးတင်ယာဉ်လိုင်းများတွင် ထိုင်ခုံနေရာများ စီစဉ်ပေးထား

0
110

လာမည့်သင်္ကြန်ကာလအတွင်း အရေးပေါ်ခရီးသွားလာလိုသည့် နိုင်ငံ့ဝန်ထမ်းများအတွက် နေပြည်တော် အခြေစိုက်အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင် ထိုင်ခုံနေရာများ စီစဉ်ပေးထားကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) နေပြည်တော်မှ သိရသည်။

” ယာဉ်လိုင်းအများစုကတော့ သင်္ကြန်ကာလမှာ နားကြပေမယ့် အရေးပေါ်သွားလာလိုသူတွေအတွက် နေပြည်တော်ကနေ အဓိကမြို့ကြီးတွေကို ထွက်ခွာမယ့်ယာဉ်လိုင်းတွေရှိပါတယ်။ ယာဉ်လိုင်းတွေရဲ့စာရင်းနဲ့ ထွက်ခွာမယ့်ယာဉ်အရေ အတွက်ကို စာရင်းကောက်နေပါတယ်။ နေပြည်တော်ကနေ အခြားမြို့နယ် အသီးသီးကို ထွက်ခွာမယ့် ယာဉ်လိုင်းအသီး သီးရဲ့ ယာဉ်ကြီး၊ယာဥ်ငယ်အလိုက် ထိုင်ခုံချန်လှပ်ထားဖို့ညွှ န်ကြားထားပါတယ်”ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိ န်းသိမ်းရေးကော်မတီ(အဝေးပြေး) နေပြည်တော်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်အခြေစိုက် အဝေးပြေးယာဉ်လိုင်းပေါင်း (၂၈) လိုင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် ယာဉ်လိုင်းပေါင်း (၈၀)  ၊ စုစုပေါင်း (၁၀၈) လိုင်းနှင့် အဝေးပြေးယာဉ်အစီးရေ (၇၀၀) ခန့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here