သင်္ကြန်ရုံးပိတ်ရက် မတိုင်ခင်နှင့်ပိတ်ရက်အပြီးတွင်အထူးရထားများပြေးဆွဲမည်

0
92

သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင် ဧပြီ (၁၁) ရက်မှစတင်ပြီးအထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ (၁၁) ရက်မှ (၁၂) ရက်အထိလည်းကောင်း၊ သင်္ကြန်အပြီး ဧပြီ (၂၀) ရက်မှ (၂၁) ရက်အထိလည်းကောင်း သင်္ကြန်အထူးရထားများကိုပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးသည်အခြေအနေပေါ်မူတည်၍ လို အပ်ပါက ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အထူးရထားများအနေဖြင့် ရန်ကုန် – မန္တလေး ၊ ရန်ကုန် – ပြည် ၊ ရန်ကုန် – မော်လမြိုင် ခရီးစဉ်များအား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးရထားများပြေးဆွဲမည်ဖြစ်သော်လည်း ရထားလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိသကဲ့သို့ ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်လက်မှတ်များဝယ်ယူရာတွင် အထက်တန်းအတွက် ရထားလက်မှတ်များအား (၃)ရက်ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်းရထားလက်မှတ်ကို (၁)ရက် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးမှ သိရသည်။

ထို့ပြင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဖြစ်သည့် (၁၆) ရက်အထိ လူစီးရထားများအားလုံးပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here