သာကေတမြို့နယ်တွင် ဆီဘောက်ဆာ ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျမှုဖြစ်ပွား

0
222

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ဆီဘောက်ဆာ ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲသို့ အရှိန်လွန် ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

ဧပြီ (၁) ရက် နေ့လယ် (၁)နာရီခွဲအချိန်ခန့်က သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်း၊ (၅) ကွေ့တွင် ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျကြောင်း သတင်းအရ AYT – Rescue Organization Group Dawbon Yangon Myan mar မှ အရေးပေါ်ယာဉ် (၄)စီးဖြင့် သွားရောက်ကူညီခဲ့ကြောင်း

အဆိုပါ ဆီဘောက်ဆာ ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲထိုးကျမှု ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here