မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးအား ဦးဇော်ဇော် ထပ်မံရွေးချယ်ခံရ

0
145

၂၀၂၄ -၂၀၂၈ ခုနှစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ရာထူးနေရာအား ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူမရှိခဲ့ဘဲ စာရင်းတင်သွင်းခဲ့သည့် ဦးဇော်ဇော်အား ဥက္ကဋ္ဌအဖြစ် ထပ်မံရွေး ချယ်ခဲ့ကြောင်း အဖွဲ့ချုပ်က အသိပေးကြေညာထားသည်။

ဦးဇော်ဇော် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံခြင်းနှင့်ပတ်သက်၍ ယနေ့ ဧပြီ (၁)ရက်နေ့တွင် ပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့်  ရှမ်းယူနိုက်တက်အသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုကြောင့် မြန်မာ့ဘောလုံးလောက အရှိန်အဟုန်ဖြင့် တိုးတက်မည်ဟု ယုံကြည်ကြောင်း ဆုမွန်ကောင်းတောင်းထားသည်။

ထို့အတူ MFF ၏ ဒုတိယ ဥက္ကဋ္ဌ (အမျိုးသား)နေရာ(၂)ခုအတွက် အမည်စာရင်းတင်သွင်းသူ နှစ်ဦးသာရှိရာ စာရင်းတင်သွင်းခဲ့သည့် ဦးပြည့်ဖြိုးတေဇနှင့် ဦးထိပ်ခွန်နောင်မြင့်ဝေ တို့အား ဒုတိယ ဥက္ကဋ္ဌများ (အမျိုးသား)အဖြစ်လည်းကောင်း၊  ဒေါက်တာ ဒေါ်ခင်စောဦးအား ဒုတိယ ဥက္ကဋ္ဌ (အမျိုးသမီး) အဖြစ်လည်းကောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းများအရအသီးသီးအတည်ပြူခဲ့ကြောင်း သိရသည်။

အလားတူ အထက်မြန်မာပြည် ကိုယ်စား လှယ်လောင်း (၃)နေရာအတွက် အမည်စာရင်း တင်သွင်းသူ (၄)ဦးရှိခဲ့ပြီး ဆန္ဒမဲဖြင့် မဲပေးရွေးချယ်ခဲ့ရာ ဦးကျော်စွာထွန်းက ဆန္ဒမဲ (၃၆)မဲဖြင့်  ရွေးချယ်ခံခဲ့ရသည်။

ထို့အပြင် အောက်မြန်မာပြည်ကိုယ်စားလှယ်လောင်း (၃) ဦး နေရာအတွက် အမည်စာရင်းတင်သွင်းသူ (၃)ဦးသာ ရှိရာ စာရင်းတင်သွင်းခဲ့သည့် ဒေါက်တာ ထက်ခိုင်ဝင်း၊ ဦးဝင်းကိုကို၊ ဦးသင်းမောင်စိုး တို့အားလည်းကောင်း၊မြန်မာနေရှင်နယ်လိဂ် (၁) ကိုယ်စားလှယ်လောင်း (၃)ဦးနေရာအတွက် အမည်စာရင်း တင်သွင်းသူ (၃)ဦးသာရှိရာ အမည်စာရင်းတင်သွင်းခဲ့သည့် ဦးဇော်မင်းသိန်း၊ ဦးလှကျော်ဝင်းနှင့် ဦးကျော်ဦးတို့ကိုလည်းကောင်း၊ မြန်မာ 

နေရှင်နယ်လိဂ်(၂) ကိုယ်စားလှယ်တစ်ဦး နေရာအတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသာ ရှိသည့်အတွက် စာရင်းတင်သွင်းခဲ့သည့် ဦးထောင်းထာထန်း ကိုလည်းကောင်း၊ နည်းပြ ကိုယ်စားလှယ်လောင်း (၁)နေရာအတွက် အမည်စာရင်း တင်သွင်းသူ တစ်ဦးတည်းသာရှိသည့်အတွက် စာရင်းတင်သွင်းခဲ့သည့် ဦးစိုးမြတ်မင်း ကိုလည်းကောင်း၊ ကစားသမား ကိုယ်စား လှယ်လောင်း(၁)နေရာ အတွက် အမည်စာရင်းတင်သွင်းသူ တစ်ဦးသာ ရှိသည့်အတွက် စာရင်းတင်သွင်းခဲ့သည့် ဦးသီဟစည်သူကိုလည်းကောင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁)နေရာ အတွက် စာရင်းတင်သွင်းသူ  ဒေါ်သိန်းသိန်းအေးကိုလည်း ကောင်းအသီးသီးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ထို့နည်းတူ  ဒိုင်ကိုယ်စားလှယ်လောင်း (၁)နေရာအတွက် ဒိုင်အစုအဖွဲ့မှမဲပေး ရွေးချယ်ထားသည့် ဦးလှတင့်ကို ရွေးချယ်ခဲ့ကြပြီး၊ ဖူဆယ်နှင့်သဲသောင်ပြင် ကိုယ်စား လှယ်လောင်း မဲပေးရွေးချယ်မှု ရလဒ်တွင်လည်း ဦးဝင်းသော်က ဆန္ဒမဲ(၃၃)မဲဖြင့်အများဆုံးရရှိကာ ရွေးချယ်ခံခဲ့ရ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၄- ၂၀၂၈ ခုနှစ်အ တွက် အလုပ်အမှုဆောင်အသစ်ရွေးချယ်ပွဲကို မတ်လ  (၃၀) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ နိုဗိုတယ်ရန်ကုန်မက်စ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ၊ အလုပ်အမှုဆောင်အ သစ် (၁၉)ဦးအား ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- MFF


LEAVE A REPLY

Please enter your comment!
Please enter your name here