နေရပ်စွန့်ခွာနေကြရသည့် ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှပြည်သူများ သောက်သုံးရေအခက်အခဲရှိနေ

0
246

ဒေသတွင်း လုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာနေကြရသော ဓမ္မသကျေးရွာအပါအဝင် ကော့သတ်၊ တရနာနှင့်ကော့စွယ်ကျေးရွာတို့ရှိ ပြည်သူများ သောက်သုံးရေ အခက်အခဲများရှိနေကြောင်း ဒေသတွင်းကူညီကယ်ဆယ်ရေးဆော င် ရွက်ပေးနေသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ နေရပ်စွန်ခွာ ဒေသခံပြည်သူ (၁၁၀၀)ဝန်းကျင်မှာ လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် အခြားခိုလှုံနေရာ(၁၀)ခုတွင် နေထိုင်‌နေကြရကြောင်း ဆိုသည်။

” ကျွန်တော်တို့အနေနဲ့ ဘုန်းကြီးကျောင်းလေးခုမှာ ခိုလှုံနေကြရတဲ့ သူတွေအတွက် သုံးရေကို တစ်ရက်ခြား တစ်ခါနဲ့ သောက်ရေကို ဘူး(၂၀)ပို့ဆောင်ပေးနေရပါတယ်။ သောက် ရေသုံးရေ အခက်အခဲရှိနေတယ် “ဟု ၎င်းက ပြောသည်။

ဧပြီ(၁)ရက်တွင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ တောရမွန်ကျောင်း၌ ခိုလှုံနေသော ဒေသခံ နေရပ်စွန့်ခွာပြည်သူ(၁၃၅)ဦးအတွက် စားနပ်ရိက္ခာများ သွားရောက်ထော က်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၇)ရက်၌ ဓမ္မသတ်ကျေး ရွာမီးလောင်မှုကြောင့် ယင်းကျေးရွာနေ ဒေသခံပြည်သူများ အပါအဝင် ဒေသတွင်း ပဋိပက္ခ ဖြစ်စဉ်အချို့ကြောင့် နေရပ်စွန်ခွာပြည်သူထောင်နှင့်ချီရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဘိုဘိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here