လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဥ်နှင့် ဆီဘောက်ဆာယာဥ်တို့ တိုက်မိပြီး ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အသက်ဆုံးရှုံး

0
259

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ခရီးသည်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဥ်တို့ တိုက်မိခဲ့ရာ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အသက်ဆုံးရှုံးခဲ့ရပြီး (၅)ဦး ထိခို က်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ (၁)ရက် ညနေ (၅)နာရီ မိနစ် (၂၀)အချိန်ခန့်က လှိုင်သာ ယာမြို့နယ်၊ဒဂုံဧရာအဝေးပြေးအကျော် အလုပ်သမားဆေးရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။

“လိုင်းကားက အရှိန်များတယ်ထင်တယ်။ ဘောက်ဆာ ကားခေါင်းတစ်ခုလုံး ပျက်စီးနေတယ်။ ဆုံးသွားတာတော့ လိုင်း ကား ယာဉ်မောင်းပါ”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦးနှင့် ‌သေဆုံးသူ ယာဉ်မောင်းကို ဒေသတွင်းရှိ လူမှုကူညီကယ်ဆ ယ်ရေးအသင်းများမှ ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here