ကလောဒေသရှိ ဟိုတယ်များအားလုံး အခန်းမှာယူမှု ပြည့်သွားပြီဖြစ်ဟုဆို

0
127

သင်္ကြန်ကာလအတွက် ကလောဒေသရှိ ဟိုတယ်များအားလုံး အခန်းမှာယူမှု ပြည့်သွားပြီဖြစ်ကြောင်း ရှမ်းပြည်နယ်၊ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

သင်္ကြန်ကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များလည်ပတ်နိုင်ရန်လမ်းလျှောက်သင်္ကြန်အပြင် အင်းလေး ဒေသတွင်လည်း ရေပေါ်သင်္ကြန် ပြုလုပ်သွားမည်ဖြစ်သည်။

အလားတူ တောင်ကြီးရှိ ဟိုတယ်အချို့သည်လည်း ပြည့်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ဟိုတယ်စုစုပေါင်း (၄၅၁)လုံးရှိပြီး (၃၃၄) လုံးဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရှမ်းပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်စုစုပေါင်း (၁၄) သိန်း (၈) သောင်းကျော်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၂၄ ခုနှစ်၏ နှစ်လတာကာလအတွင်း ရှမ်းပြည်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၆၀၀၀၀ မှ ၁၀၀,၀၀၀ ကြားဝင်ရောက်လျက်ရှိကြောင်း ၎င်းတို့သည် ပက်ကေ့အစီအစဉ်ဖြင့် လာရောက်မှုများကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here