မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ယနေ့ပစ်လွှတ်

0
1106

မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည်တစ်စင်းကို ယနေ့တွင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ၏ မှတ်ချက်ကို ကိုးကား၍ Yonhap သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယား၏ အကဲဖြတ်ချက်များအရ အဆိုပါ ဒုံးကျည်ကို ဒေသစံတော်ချိန် ၀၆း၅၃ အချိန်ခန့်တွင် ပြုံယမ်းဒေသမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်ကလည်း မြောက်ကိုရီးယားသည် ယင်းဒေသမှပင် ဂျပန်ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ဖူးကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဒုံးကျည်များ ထပ်မံ ပစ်လွှတ်မည်ကိုစောင့်ကြည့်ရန် တောင်ကိုရီးယား တပ်မတော် အနေဖြင့် စောင့်ကြည့်ရေး အဆင့်ကို တိုးမြှင့်ထားကြောင်း ပူးတွဲ စစ်ဦးစီးချုပ် က ပြောကြားခဲ့သည်။ တောင်ကိုရီးယားသည် အမေရိကန်နှင့် ဂျပန်တို့နှင့် သတင်းအချက်အလက်များ ဖလှယ်နေကြောင်းကိုလည်း သူကအလေးပေးပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်ကလည်း နျူထိပ်ဖူးတပ်ဆင်နိုင်သည့် အသံထက်မြန်သော ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here