ကမမောင်းရှိ နေရပ်စွန့်ခွာ အိမ်ထောင်စု (၂၀၀)ခန့်အတွက် ယနေ့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့

0
673

ကရင်ပြည်နယ်၊ ကမမောင်းကျေးရွာရှိ နေရပ်စွန့်ခွာ အိမ် ထောင်စု (၂၀၀)ခန့်အတွက် ယနေ့ ဧပြီ(၂)ရက်တွင် ပြည်နယ်အဆင့် မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့က စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အဖွဲ့တာ ဝန်ခံတစ်ဦးက ပြောသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာ၌ တစ်အိမ် ထောင်လျှင် ဆန် (၄) ပြည်နှုန်းအပါအဝင် ဆီတစ်လီတာ၊ ကြက်သွန်နီတစ်ပိဿာ၊အာလူးတစ်ပိဿာ၊ ခေါက်ဆွဲ ၊အသားတု တစ်ပိဿာ၊ ငြုပ်မုန့် အစိမ်း/အကျက် ၊ ဟင်းချိုမုန့် အစရှိသည့် မီးဖိုချောင်သုံးစားနပ်ရိက္ခာများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ်နှင့် ကော့ဘိန်းမြို့နယ်များမှ တိုက်ပွဲရှောင် နေရပ်စွန်ခွာပြည်သူများ ဘားအံမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ခိုလှုံရာနေရာ (၁၀)ခုတို့တွင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ ခိုလှုံနေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ (၂၆)ရက်ကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံကြက်ခြေနီ အသင်းတို့ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်မှ န ဘူးကျေးရွာ၊ ဘားအံမြို့နယ်မှ သာမညကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ်မှ ပိုင်ကျုံမြို့များရှိ ယာယီနေရပ်စွန်ခွာအိမ် ထောင်စုများအတွက် လူသားချင်းစာနာထောက် ထားမှုအနေဖြင့် စားနပ်ရိက္ခာများပေး အပ်ခဲ့သေးသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here