ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအ ချို့အပူချိန်ပိုလာနိုင်ဟုဆို

0
293

ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအ ချို့၌ အပူချိန်ပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်  ဦးဝင်းနိုင်က ခန့်မှန်ထားသည်။

မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီ တိုင်း စသည့်ဒေသများတွင် အပူချိန်ပိုမိုလာနိုင်ချေ ၈၅ ရာ ခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ ရှိနေပြီး ပုံမှန်အားဖြင့်မိုးရွာသွန်းနိုင်ချေ မရှိသေးကြောင်း သိရသည်။

ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်  အပူချိန်မြင့်တ က်နိုင်ချေ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ခန့်အထိရှိပြီး ပြင်းထန်သော ရာသီဥတုဖြစ်ပေါ်နိုင်ချေမရှိနိုင်ကြောင်းလ ည်း ၎င်းက အသိပေးသည်။

ယင်းအချက်အလက်များအရ အလယ်ပိုင်းမိုးနည်းရေရှားဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေပိုနေကြောင်း အသိ ပေးထားသည်။

ထို့ပြင် အနောက်မြောက်ဘက်မှ ဝင်ရောက်လာနိုင်မည့် မိုး တိမ်များကြောင့် လေပြင်းတိုက်နိုင်ချေနှင့် နေရာကွက်ပြီးမိုးရွာနိုင်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပြီး ရေချွေတာသုံးစွဲကြရန်နှင့် အပူဒဏ်ကို သတိထားကာကွယ်နေထိုင်ကြရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here