သင်္ကြန်ကာလတွင် လာရောက်လည်ပတ်မည့်သူ များပြားသဖြင့် ချောင်းသာကမ်းခြေရှိ ဟိုတယ်အားလုံး ပြည့်လုနီးပါးဖြစ်နေပြီဟုဆို

0
224

မကြာမီ ကျရောက်တော့မည့်လ မဟာသင်္ကြန်ပွဲတော်ကာလ တွင် ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်မည့် ခရီးသွားဦးရေများပြားသည့်အတွက် ဟိုတယ်အားလုံး ပြည့်လု နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ချောင်းသာဌာနခွဲ)မှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ငပလီကမ်းခြေမှလွဲ၍ငွေဆောင်၊ ချောင်းသားကမ်းခြေသို့ ကြိုတင်ဘိုကင်များဖြင့်ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

“မတ်လကုန်ကတည်းက အခန်းတွေကို ကြိုတင်မှာကြတာ။ အခုဆို အခန်းရဖို့ တော်တော်လေးခက်သွားပြီ။ အခုဆို သင်္ကြန်အတွက် ကမ်းခြေဒေသကို ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီ။ ဒီနောက်ပိုင်း လာတော့လာကြတယ်။ ပိတ်ရက်တွေကပိုများတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ချောင်းသာဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးကပြောသ ည်။

ချောင်းသာကမ်းခြေအနီးတွင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ရွှေသောင်ယံမြို့ရှိ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှစ်မနှင့် Sea Lake Garden သို့သွားရောက်လည်ပတ်နိုင်ကြော င်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်တည်းခိုမှု (၄၁၃၃၈၉)ဦး ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခ ရီးသွားညွှန်ကြားမှုဦးစီးဌာန (ချောင်းသာရုံးခွဲ)မှ သိရသည်။

​ငွေ​ဆောင်ရှိ ​ဟော်တယ်များလည်းဘွတ်ကင်ပြည့်​နေကာ နှစ်ဆန်း တရက်မှသာ လွတ်မည်ဟု ​ဟော်တယ်တစ်ခုမှ မန်​နေဂျာကဆိုသည်။

လာမည့် သင်္ကြန်ရုံးပိတ်ရက် ကာလအတွက် ကမ်းခြေဒေသများ အပါအဝင်အခြားသော ခရီးစဉ်ဒေသများတွင်လည်း ဟိုတယ်အားလုံး ပြည့်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here