နေပြည်တော်ကို Green, Clean, Smart City ဖြစ်​အောင် လုပ်နေ

0
137

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ သန့်ရှင်းသာယာလှပစေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားလိုက်သည်။   

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ (၁)ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာတွင် ၄င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဝိုင်းဝန်းဆော င်ရွက်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်နယ်မြေအတွင်းရှိ မြစ်ချောင်းများအတွင်း  ရေစီးရေလာ ကောင်းမွန်ရေး၊ ချောင်းကမ်းဘေးများ သန့်ရှင်းသာယာလှပစေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆည်များနှင့် ရေဝင်ရေလဲ ဧရိယာများတွင် ကြီးမြန်သစ်ပင်များ စိုက်ပျိုးရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ဆောင်ရွက်စေလိုကြောင်း ကောင်စီ ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။  

ထို့နောက် အစည်းဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း​ဆွေး​နွေးကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့ တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည် တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here