ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို မလေးမီဒီယာကဖေါ်ပြ

0
205

ရန်ကုန်၊မတ် ၃၁

မြန်မာနိုင်ငံမှ သက်တမ်းအရှည်ဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ် သောရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို နှစ်စဉ်လာရောက်လည်ပတ်သူ ဦးရေသည် ၁ ဒသမ ၅ သန်းခန့်ရှိ သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ကြောင်း မလေးရှားရှိမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ရန်ကုန်တိရစ္ဆာန်ရုံကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ၁၁၈ နှစ်ပြည့် အခမ်းအနားကိုကျင်းပခဲ့သည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သည် ဘင်္ဂလားကျား၊အာရှဆင်များနှင့် ကျားသစ်များအပါအဝင် မျိုးသုဉ်းလုနီးပါးဖြစ်‌နေသည့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၆ မျိုးနှင့်တိရစ္ဆာန်ပေါင်း ၂,၀၀၀ ကျော်တို့ ၏ နေထိုင်ရာနေရာလည်းဖြစ်သည်ဟုဖော်ပြထားသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ရုံ၌ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၄၅ မျိုး၊ငှက်မျိုးစိတ် ၇၂ မျိုးနှင့် တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၁၉ မျိုးရှိပြီး စုစုပေါင်းမျိုးစိတ်ပေါင်း ၁၃၆ မျိုးရှိသည်ဟုလည်းဆိုထားသည်။

၁၉၀၆ ခုနှစ် ဇန်နဝါရီလကစတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် တောရိုင်းတိရိစ္ဆာန်များအကြောင်းအသိပညာပေးခြင်းနှင့် အပန်းဖြေလာရောက်လည်ပတ်သူများအား တိရစ္ဆာန်များ၏ အပြုအမူနှင့်အလေ့အထများကိုပါလေ့လာနိုင်စေသည်ဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ ဦးသန်းမြင့်ထွန်းက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်ဟုလည်းသိရသည်။

တိရစ္ဆာန်ရုံသည် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် မွေးမြူရေးအစီအစဥ်များကိုလည်းပံ့ပိုးပေးထားကာ ကျောင်းသားများသည် ရုက္ခဗေဒနှင့်သတ္တဗေဒဘာသာရပ်များကိုပါလေ့လာနိုင်သည်ဟုလည်း ဦးသန်းမြင့်ထွန်းကပြောကြားခဲ့သည်။

Source : သည်စတား


LEAVE A REPLY

Please enter your comment!
Please enter your name here