မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းတွင် စက်ဘီးစီး လူငယ် တစ်ဦးအား အုတ်သယ်ကားမှ တက်ကြိတ်မိရာ ခြေထောက်ကြေမွ ထိခိုက်ဒဏ်ရာရ

0
148

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအ ရှေ့ဘက်ခြမ်းတွင် စက်ဘီးစီး လူငယ်တစ်ဦးအား အုတ်သယ်ကားမှ တက်ကြိတ်မိရာ ခြေထောက်ကြေမွ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သွားရောက် ကူညီခဲ့သည့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့ ဧပြီ (၂)ရက် နံနက် (၆)နာရီ (၄၂)မိနစ်အချိန်က အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက်ခြမ်း၊ (၆၆) လမ်း၊ (၂၄) လမ်းနှင့် (၂၅)လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အရ အုတ်ကားဖြင့် ကြိတ်မိသည့် စက်ဘီးစီး လူငယ်မှာ ညာခြေထောက် ဒူးအထက်ထိ ကြေမွပြတ်တောက်ခဲ့ရပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် အုတ်သယ်ယာဉ်နှင့် သဲတင်ယာဉ်များမှာ လမ်းများပေါ်တွင် အရှိန်မြှင့်စွာ မောင်းနှင်လေ့ရှိပြီး  အဆိုပါ ယာဉ်များနှင့် တိုက်မိမှုကြောင့် သေဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိနေကြောင်း မန္တလေး မြို့ခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here