၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၈၄၆သန်းနီးပါးရရှိထား

0
148

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်မက်ထရစ်တန်ချိန် ၁၆၈၆၂၅၉ တန်တင်ပို့ထားပြီး  ကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် သောင်းဂဏန်းဝန်းကျင်သာ တင်ပို့နိုင်ခဲ့သော်လည်း ပွင့်လင်းရာသီအစဖြစ်သည့် အောက်တိုဘာလမှစတင်၍ ဆန်တန်ချိန် တစ်သိန်းအထက် တင်ပို့နိုင်ခဲ့ကာဝင် ငွေရရှိမှုအနေဖြင့် ဒေါ်လာသန်း ၃၀ မှ သန်း ၆၀ ဝန်းကျင်ကြား ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

နိုဝင်ဘာလမှစတင်၍ တန်ချိန် ၁၇၅,၀၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာသန်း ၉၀ အထိ ရရှိခဲ့ကာ ဒီဇင်ဘာလတွင် တန်ချိန် ၁၉၅,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ် လာ ၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီလတွင် တန်ချိန် ၂၁၀,၀ ၀၀ အထိတင်ပို့ထားပြီး ကန်ဒေါ်လာသန်း ၁၁၀၊ ဖေဖော် ဝါရီလတွင် တန်ချိန် ၂၆၀,၀၀၀ ကျော်အထိ တင်ပို့ထားကာ ဒေါ် လာသန်း ၁၄၀ နီးပါးနှင့် မတ်လတွင် တန်ချိန် ၂၅၇,၀၀၀ ကျော် ကန်ဒေါ်လာသန်း ၁၃၃ သန်းရရှိခဲ့ကြောင်း သိရသ ည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၂)သန်းနီးပါး တင်ပို့ရန် လျာထားပြီး ပြည်ပဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဝင်ငွေရရှိရန် ခန့် မှန်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here