အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အတွက် သင်တန်းသားများ ခေါ်ယူ 

0
135

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် သံတမန် ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၇/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီး ဌာန နေပြည်တော်နှင့် ရန်ကုန်တို့်တွင် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  

ထို့ကြောင့် သံတမန်ရေးရာ ကိစ္စရပ်များနှင့် နိုင်ငံတကာရေး ရာကိစ္စရပ်များကို စိတ်ပါဝင်စားလေ့လာလိုသူများ အနေဖြ င့် အခြေခံကျွမ်းကျင်မှုသင်တန်း တက်ရောက်အောင်မြင်ပြီး Certificate of Completion ရရှိထားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။ 

သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့်တွင် မေလ (၁၃)ရက်မှ ဇူလိုင် (၅)ရက်အထိ  (၈)ပတ်ကြာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ (ရုံးဖွင့်ရက်များ) နံနက် (၇)နာရီမှ (၉)နာရီအထိ သင်ကြား ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။ 

လျှောက်လွှာများကို ဧပြီ (၈)ရက်မှ ဧပြီ (၁၂)ရက်အထိ ရုံးဖွ င့်ရက် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်နှင့် ရန်ကုန်တို့်တွင် ပတ်စ်ပို့အရွယ် ဓါတ်ပုံ (၃)ပုံ၊ (၆)လအတွင်း လျှောက်ထားသော ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ၊ ဘွဲ့လတ်မှတ် (မူရင်း/မိတ္တူ)၊ Cer tificate of Completion (မူရင်း/မိတ္တူ)၊ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ)၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာဌာနမှ သင်တန်းတက်ရောက်ခွင့် ခွင့်ပြုကြောင်း ထောက်ခံချက် (မူရင်း)တို့ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာများကို ဧပြီ (၂၂)ရက်မှ ဧပြီ (၂၆)ရက်အထိ ရုံး ဖွင့်ရက် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ လက်ခံမည်ဖြစ်သည်။

သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေ ဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့် အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များကို အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီသီးမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသို လ်များမှ ပါ မောက္ခ ဆရာကြီး/ ဆရာမကြီးများမှ အတွေ့/လက်တွေ့ သ င်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ (၅၀) ဦး၊ ရန်ကုန်တွင် (၅၀) ဦး စုစုပေါင်း (၁၀၀)ဦးကို လူတွေ့စစ် ဆေး၍ စီစစ်ရွေးချယ်လက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇-၃၄၁၂၃၁၇ ၊ ၀၁-၈၂၂၁၅၃၇ သို့ ဆက်သွယ်စုံစမ်းမေးနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here