ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ်လုပ်ဆောင်နေ

0
108

ဒေသစီးပွားရေးကို အထောက်အကူပြုသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကော်ဖီစီမံကိန်းဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့်ဒေသထွက်ကုန်ပစ္စည်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပြီး ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသစီးပွားရေးကို အထောက်အကူပြုသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်နှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော် ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ကော်ဖီလုပ်ငန်းများအတွက် ဖော်ဆောင်ပေးထားသည့် ကော်ဖီစီမံကိန်းမြေနေရာများတွင် ကော်ဖီစိုက်ပျိုးမှုများ တိုးတက်စေရေး၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စီမံခန့်ခွဲရေး နည်းလမ်းများအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်ကာလအတွင်းပြီးစီးရေး သ က်ဆိုင်ရာဌာနများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ၎င်းက  ဆိုသည်။

ကော်ဖီ စိုက်ပျိုးမှုကို မန္တလေးတိုင်း ပြင်ဦးလွင်၊  ချင်းပြည် နယ်  တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေ သများတွင်  အဓိက စိုက်ပျိုးလျက်ရှိပြီး တစ်နိုင်ငံလုံးတွင် စိုက်ဧက ငါးသောင်း ကျော်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသနှင့် ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေဗီကာ ကော်ဖီသည် ကမ္ဘာ့အဆင့်မီ (Special  Coffee) အဆင့်တွင်ရရှိခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်သ ည် အမေရိကန် အပါအဝင် ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ် နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here