သုံးရန်မသင့်သည့်တိုင်းရင်းဆေးများကို အွန်လိုင်းမှတဆင့် ရောင်းချနေမှုများရှိနေ

0
193

Facebook ကဲ့သို့ အွန်လိုင်းမီဒီယာများတွင် သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးများကို ရောင်းချနေမှုများရှိနေကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာန က အသိပေးကြေညာထားသည်။

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်သွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူ သုံးစွဲရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သုံးစွဲရန်မသင့်သည့် ဆေးဝါးများမှာ Body Art အ မှတ်တံဆိပ် ပါ B1 – သွေးတွင်း အဆီကျဆေး၊ B2 – လေမဖြတ်ရလိမ်းဆေး၊ B3 – ခရေမနွမ်းလိမ်းဆေး၊ B4-ရင်/တင် ချမ်းသာလိမ်းဆေး၊ B5 – ကြည်ရှင်းတောက်လိမ်းဆေး၊B7 သရဖူလိမ်းဆေး၊ B9-သဘာဝလိမ်းဆေးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် တိုင်းရင်းဆေးဝါး ထုတ် လုပ်ခွင့် လိုင်စင်ရရှိ ထားခြင်း မရှိသဖြင့် အရည်သွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်း၍ အာနိသင် ထိရောက်မှု အတွက် အာမခံချက် မပေးနိုင်သောကြောင့် အ များပြည်သူ သုံးစွဲရန် မသင့်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here