အရေးယူမှုများ လုပ်လာသည့်နောက် စံချိန်တင်မြင့်တက်နေသည့် ပြည်တွင်း ရွှေဈေး ၄၄ သိန်းအောက်သို့ ပြန်ကျဆင်းလာ

0
165

အစိုးရက ရွှေဈေးကစားသူများနှင့် လေပတ်ကားသမားများကို အရေးယူမည်ဟုပြောဆိုထားပြီး ရွှေဆိုင်အချို့ကိုအရေး ယူမှုများ လုပ်ဆောင်လာသည့်နောက်တွင် ပြည်တွင်းဈေးကွက်အတွင်း၌ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် (၄၄) သိန်းအောက်သို့ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

ဧပြီလ (၁) ရက်အထိ တစ်ကျပ်သား (၄၅) သိန်းကျော်၌ စံချိန်တင်မြင့်တက်ကာ ရပ်တည်ခဲ့သည့် ရွှေဈေးသည် ယနေ့ ဧပြီလ (၃) ရက်တွင် တစ်ကျပ်သား ၄၃၇၀၀၀၀ ကျပ်သို့ ကျဆင်းသွားပြီး (၃) ရက်အတွင်း ကျပ်(၁) သိန်းကျော် ပြန်လ ည်ကျဆင်းသွားခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်မှု ၊ ဒေါ်လာဈေးနှုန်း မြင့်တက်နေမှုတို့အပေါ်တွင် ပြည်တွင်းရှိ ဈေးကစားသူများ၊ လေပတ်ကားသမားများက ဈေးဆွဲတင်ရန် ကြိုးပမ်းမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း (၄၅) သိန်း ကျော် သည်အထိ စံချိန်တင် မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဈေးကစားရန် ကြံစည်သူများ၊ ကောလာဟလသတင်းများလွှင့်၍ ဈေးဆွဲတင်ရန် ကြိုးပမ်းသူများနှင့် လေပတ်ကားသမားများကို အရေးယူမည်ဟု သက်ဆိုင်ရာက သတိပေးထားပြီး လက်ရှိတွင် ရွှေဆိုင်အချို့နှင့် ရွှေလုပ်ငန်းများကို ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကုန်တိုင်း ရွှေအသင်းကလည်း ရွှေဆိုင်များအနေဖြင့် အသင်း၏ ရည်ညွှန်းဈေးအတိုင်းသာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် ရည်ညွှန်းဈေးအတိုင်း အရောင်းအဝယ်မလုပ်နိုင်သူများ အရောင်းအဝယ်နားထားရန် အသိပေးထားပြီး ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၃၀) ရက်တွင် ရွှေဈေးကွက်အတွင်းလေ ပတ်ကားရောင်းဝယ်ဆောင်ရွက်နေသည်ဟု သံသယရှိသူ များကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခဲ့သည့်အပြင် ဈေး နှုန်း မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်သူများကို ဥပ ဒေပဋ္ဌာန်းချက်များနှင့်အညီ အရေးယူနိုင်ရန် အစိုးရဌာနများ၊ တ ရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွ က်လျက်ရှိကြောင်း သိရသည်။

ဧပြီလ (၂) ရက်တွင်လည်းရွှေရောင်းဝယ်ရေးအသိအမှတ် ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါအဝင် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သည်ဟုဆိုကာ ရန်ကုန်မြို့ရှိ နာမည်ကျော် မောင်ကိန်းရွှေဆိုင်အပါအဝင် ရန်ကုန်နှင့် မန္တ လေးတို့ရှိ ရွှေဆိုင် (၇) ဆိုင်ကို အရေးယူဆောင်ရွက်ခဲ့ကြော င်း ဗဟိုဘဏ်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here