ရန်ကုန် – မန်စီ – ရန်ကုန် ကုန်စည်လေကြောင်းခရီးစဉ် တစ်ပါတ် နှစ်ရက်ပျံသန်းမည်

0
149

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် – မန်စီ – ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ (Cargo Flight) အား Boeing 737-800 Freighter လေ ယာဉ်ဖြင့် တစ်ပါတ် နှစ်ရက်ပျံသန်းမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ (၃)ရက် မှစတင်၍ (၁)ပတ်လျှင် (၂)ကြိမ် ဗုဒ္ဓဟူးနေ့ နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ ဖြစ်သော ရန်ကုန် – ကူမင်း – ရန်ကုန်၊ ရန်ကုန် – ဘန်ကောက် – ရန်ကုန်၊ ရန်ကုန် – စင်ကာပူ – ရန်ကုန် cargo ခရီးစဉ်များတွင်လည်း ပုံမှန်ပျံ သန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here