မွန်တိုးတက်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

0
185

ပါတီမှတ်ပုံတင် ခွင့်ပြုသည့် ပါတီ (၅၀) ဝန်းကျင် ရှိပြီး ဆက်လက်စီစစ်ရန်ကျန်နေသည့် ပါတီ (၁၀) ခု ဝန်းကျင် ရှိနေ

ကရင်ပြည်နယ် အခြေစိုက် မွန်တိုးတက်ရေးပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဧပြီ(၁)ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ပါတီအား၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉ )နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မွန်တိုးတက်ရေးပါတီ၏ မှတ်ပုံတင်အမှတ်သည်(၄၈) ဖြစ်ပြီး ပါတီဗဟိုရုံးချုပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖွင့်လှစ်ထားပြီး ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံနှင့် မြဝတီမြို့နယ်တို့၌ ပါတီရုံး ဖွင့်လှစ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

“အမှန်က မွန်ညီညွှတ်ရေးပါတီ (MUP)က လူတွေပါပဲ။ MUP ပါတီက ဥပဒေအရ ပြည်ထောင်စုတစ်ဝန်း မပြိုင်နိုင်ဘဲ ပြည်နယ်အဆင့်ဘဲ လုပ်တော့ သူတို့က ကရင်ပြည်နယ်အတွက်သီးခြား ပါတီထောင်ပြီး မှတ်ပုံတင်ခွင့်လျောက်ထားတာပါ။ ဥပဒေအရ ကန့်သတ်ထားတဲ့အတွက် အခုလို သီး ခြားတည်ထောင်လိုက်တဲ့ သဘောပါ”ဟု  ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားလာမှုများအား စီစစ်ကာ ပါတီမှတ်ပုံတင်များ ခွင့်ပြုပေးလျက်ရှိပြီး ခွင့်ပြုရန် ကျန်ရှိနေသည့်အဖွဲ့များကိုလည်း ပါတီမှတ်ပုံတင် ခွင့်ပြုပေးနိုင် ဆက်လက်စီစစ်မှုများ လုပ်ဆောင်လျက်ရှိသည်

လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ရန် ပါတီမှတ်ပုံတင် ခွင့်ပြုထားပေးသည့် ပါတီ (၅၀) ဝန်းကျင် ရှိပြီး ဆက်လက်စိစစ်ရန်ကျန်နေသည့် ပါတီ (၁၀) ခု ဝန်းကျင် ရှိနေသေးကြောင်း UEC မှ ထုတ်ပြန်ထားသည့် စာရင်းအ ချက်အလက်များအရ သိရသည်။

ယင်းကဲ့သို့ ပါတီမှတ်ပုံတင် ခွင့်ပြုချက် ရရှိရန် ကျန်နေသည့်အထဲတွင် မွန်ပြည်နယ်အခြေစိုက် မွန်ညီညွှတ်ရေးပါတီလည်း ကျန်ရှိနေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here