မဟာယူနိုက်တက်အသင်းက ယူ -၂၀ လူငယ်အသင်း ထပ်မံတည်ထောင်မည်

0
110

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဆင့်(A)တွင် ရမှတ်ပေါင်း (၉) မှတ်ဖြင့် ဒုတိယထိပ်ဆုံး၌ ရပ်တည်နေသော မဟာယူနိုက်တက်အသင်းက ယူ -၂၀ လူငယ်အသင်းအား ထပ်မံတည် ထောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသ ည်။

အဆိုပါ ယူ-၂၀ အသင်း တည်ထောင်ရန်အတွက် Like Products Myanmar နှင့် Mahar United Football Club တို့ပူးပေါင်းသွားမည်ဖြစ်ပြီး အရည်အသွေးရှိ လူငယ်လူ ရွယ်များကို အခွင့်အရေးတစ်ခုပေးစွမ်းခြင်းဖြစ်သည်ဟုဆိုသည်။

အသင်းအတွက် လူရွေးပွဲအား ရန်ကုန်မြို့ ၊ M3 ကွင်း၌ ယခုလ ဧပြီ(၈)ရက်နှင့် ဧပြီ (၉)ရက် နံနက် (၇) နာရီ မှ (၉) နာရီအထိ  နှစ်ရက်ကြာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသ ည်။

ရွေးချယ်ခံလို သူများအနေဖြင့် မဟာယူနိုက်တက် တရားဝင်ပေ့ချ် မက်ဆင်ဂျာ၌ ဧပြီ (၂ )ရက်နေ့ ၊ ညနေ (၆)နာရီမှ စ တင်ကာ ဧပြီ (၅ )ရက် ၊ မနက် (၆) နာရီအတွင်း စာရင်းသွင်းနိုင်ကြောင်းနှင့် စာရင်းသွင်းရာတွင် အမည် ၊ဖုန်းနံပါတ် လိပ် စာ ၊ ကစားသည့်နေရာ၊ မွေးသက္ကရာဇ် စသည့်အချက် အလ က်များကို ရေးသားပေးပို့ထားရမည်ဖြစ်သည်။

သတ်မှတ်စည်းကမ်းချက်များအနေဖြင့် ၂၀၀၅ ဇန်နဝါရီ(၁) ရက်မှ၂၀၀၇ ဒီဇင်ဘာ (၃၁)ရက်အတွင်း မွေးဖွားသူဖြစ်ရမည့်အပြင်  Training Camp ဝင်ရောက်နေထိုင်သူ၊ Foot ball Life Career Plan ကို အကောင်ထည်ဖော် လုပ်ကိုင်လိုသူ၊ ဆေးလိပ် ၊ အရက် ၊ ကွမ်း လုံးဝမသုံးစွဲသူများဖြစ်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here