မွေထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူနှင့် စိုးလင်းဦးကို ပွဲတည်ပေးရန် ထိုင်းပရိတ်သတ်များ One Championship တော င်းဆိုနေ

0
136

ပြိုင်ဘက် ပေါ်တူဂီနိုင်ငံသားကို အလဲထိုးကာ ပူပူနွေးနွေးနိုင်ပွဲရထားသည့် မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးနှင့် မွေထိုင်းအကျော်အမော် ဆက်ဆန်ခွမ်းမြူတို့ ပွဲတည်ပေးရန် ထိုင်းနိုင်ငံပရိတ်သတ်များက တောင်းဆိုနေကြခြင်း ဖြစ်သည်။

အသက်(၃၅)နှစ်အရွယ် ထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူသ ည် ONE ပွဲစဉ်တစ်လျှောက် (၈)ပွဲထိုးထားပြီးရှုံးပွဲမရှိသည့်စံချိန်ကို ပိုင်ဆိုင်ထားပြီး၊ စိုးလင်းဦးအနေဖြင့်လည်း (၂)ပွဲထိုး ရှုံးပွဲမရှိ အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။

“ထိုင်းပရိတ်သတ်ကတော့ ပွဲတည်ပေးဖို့ချက်ထရီကိုတောင်းဆိုနေကြတယ်။ စိုးလင်းဦးကလည်း ထိုင်းနဲ့ထိုးတိုင်း ရှုံးပွဲမရှိတဲ့သူလေ။ ပေ၂၀ ကြိုးဝိုင်းမှာ ဝိတ်တန်တူရင် ဘယ်သူနဲ့ဖြစ်ဖြစ်ထိုးမယ့် စိုးလင်းဦးတို့ တွေ့ရင်တော့ပွဲကောင်းဖြစ်မယ်လို့ထင်ပါတယ်”ဟု ရိုးရာလက်ဝှေ့ ဝါသနာရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ရိုးရာလက်ဝှေ့ဖိုက်တာ စိုးလင်းဦးအား မွေထိုင်းဖိုက်တာတစ်ဦးဖြစ်သည့် ပွန်ဆီရိကလည်း စိန်ခေါ်ထားကြော င်း သိရသည်။

မွေထိုင်းဖိုက်တာ ပွန်ဆီရိသည် ONEတွင်ယှဉ်ပြိုင်ထိုးသတ်နေသည်မှာ (၅)ပွဲမြောက် ရှိပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးယှဉ်ပြိုင်ထိုးသတ်ရန်မှာလည်း (၉၀%} ရာခိုင်နှုန်း နီးစပ်နေသည်ဟု လက်ဝှေ့အသိုင်းအဝိုင်းနှင့်နီးစပ်နေသူများက သုံးသပ်ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here