MUP ပါတီအနေဖြင့် မွန်တိုးတက်‌ရေးပါတီနှင့် မဟာမိတ်ပြုလုပ်သွားရန်ရှိ

0
109

မွန်ညီညွှတ်ရေးပါတီအနေဖြင့် မွန်တိုးတက်ရေးပါတီနှင့် မဟာမိတ်ပြုလုပ်သွားရန် သဘောထားရှိကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ နိုင်သန်းရွှေက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

ပါတီမှတ်ပုံတင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် ၎င်းကပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ မွန်တိုးတက်ရေးပါတီနဲ့ မဟာမိတ်လုပ်သွားဖို့ရှိပါတယ်။ အခြေအနေအရ ကျွန်တော်တို့ပါတီ ပြည်နယ့်အဆင့်ကနေ ပြည်ထောင်စုအဆင့်အထိသွားရင်တော့ မွန်တိုးတက်ရေးပါတီရှိနေတဲ့ ကရင်ပြည်နယ်မဲဆန္ဒနယ်ကို ချန်ထားခဲ့မှာပါ”ဟု ၎င်းက ပြောသည်။

နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဆိုင်ရာ ဥပဒေပြန်လည် ဖြေ‌လျော့ပါကလည်း ပါတီအနေဖြင့် ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ ပြောင်းလဲမှတ်ပုံတင်ရန် စီစဉ်ထားရှိကြောင်း ဆိုသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် မှတ်ပုံတင် လျှောက်ထားခဲ့ပြီးဖြစ်သော်လည်း ယနေ့အ ချိန်အထိ ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် (၁၁)လပိုင်းက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် ရာမည နိုင်ငံရေးအင်အားစုများ‌ ပြန်လည်ပေါင်းစည်းကာ တရားဝင်မှတ်ပုံတင်၍ ပြန်လည်ထူထောင်ခဲ့ခြင်းဖြစ်သော်လည်း နစက၏ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေသစ်အရ မှတ်ပုံတင် အသစ်ပြန်လည်လျှောက်ထား ကြရခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here