ရှမ်းတောင်မှ မွန်ပြည်နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ်၂ ဘီလီယံနီးပါးတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး ဖမ်းမိ

0
170

ရှမ်းပြည်နယ်တောင်ပိုင်းမှ မွန်ပြည်နယ်၊ မော်လမြိုင်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး၊ အလေးချိန် ၄၈ ဒသမ ၃ ကီလိုကို ကျိုက်ထိုမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ (၃၀) ရက် ညနေ (၃) နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် လင်းလင်းဖြိုး မောင်းနှင်လာသည့် SUP ERCUSTOM HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၃၈ တုံး အလေးချိန် ၄၈ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူဘလောက်တုံးများအား ရှမ်းပြည်နယ်တောင်ပိုင်းမှ မွန်ပြည်နယ်၊ မော်လမြိုင်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here