Quick Loan အမည်ဖြင့် ဗဟိုဘဏ် logo အသုံးပြုကာ တရားမဝင်ငွေချေးလုပ်ငန်း ဆောင်ရွက်နေသူများကို အရေး ယူမည်

0
193

Google Play Store ရှိ Application တစ်ခုသည် Quick Loan အမည်ဖြင့် ဗဟိုဘဏ် logo အား အသုံးပြု၍ တရားမဝင် ငွေချေးလုပ်ငန်းဆောင်ရွက်နေခြင်းကို အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတို့ပါ ပြဌာန်းချက်များနှင့်အ ညီ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ၊ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထံသို့ ခွင့်ပြုထုတ်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လိုင်စင်နှင့် မှတ်ပုံတင် လက်မှတ်တို့အား ခွင့်ပြုထုတ်ပေးထားသည့် စာရင်းကို ဗဟိုဘဏ်ဝက်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှု့နိုင်ကြောင်း ယင်းငွေရေးကြေးရေးအဖွဲ့အစည်းများသည် သက်ဆိုင်ရာလိုင်စင်/မှတ်ပုံတင်လက် မှတ်တို့ပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ နိုင်ငံတော်အတွင်း၌ တရားဝင်ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ရာတွင် Quick Loan အမည်ဖြင့် Google Play Store ရှိ Application တစ်ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်လုပ်ငန်းလိုင်စင်မှ ရယူထားခြင်းမရှိဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ် logo အားအလွဲသုံးစားပြုလုပ်၍ တရားမဝင်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ချေးငွေရယူနိုင်ကြောင်း ကြေညာကာ မိဘပြည်သူတို့၏ အရေးကြီးသည့် ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကိုလ ည်းကောင်း၊ ငွေကြေးများကိုလည်းကောင်း၊ ယင်း applicat ion မှတဆင့်လိမ်လည်လှည့်ဖြားပြီး ရယူရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဤလိမ်လည်လှည့် ဖြားသူများ၏ အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြရန်နှင့် အလားတူမဟုတ်မမှန်သော မသမာမှုလုပ်ငန်းများကို ရှောင်ရှားကြရန် တိုက်တွန်းထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အ နေဖြင့် ယင်းလိမ်လည်လှည့်ဖျားမှုနှင့် သက်ဆိုင်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here