စီးပွားရေး လုပ်ငန်း (၄၈၀) ကျော်ပြသ​သောဗီယက်နမ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာပါဝင်ပြသ

0
134

(၃၃) ကြိမ်မြောက် ဗီယက်နမ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအပါဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံကျော်မှ စီးပွားရေး လုပ်ငန်း (၄၈၀) ကျော် ပါဝင်ပြသခဲ့ကြသည်။

ဧပြီ(၃) ရက် နံနက်(၉) နာရီအချိန်ခန့်က ဟနွိုင်းမြို့ နိုင်ငံတကာကုန်စည်ပြပွဲ ဗဟိုဌာန (ICE) တွင် ကျင်းပသည့် (၃၃) ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာကုန်စည်ပြပွဲ ဖွင့်ပွဲအ ခမ်းအနားသို့  ဟနွိုင်းမြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံ/ သံ အမတ် ဦးစိုးကိုကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန် ကြီးဌာန၊ ဗီယက်နမ်ကုန်သွယ်ရေး မြှင့်တင်ရေး အေဂျင်စီ (VIETRADE) မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ 

(၃၃) ကြိမ်မြောက် ဗီယက်နမ်ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း (၆၀၀) ခန့် ဖွင့်လှစ်ပြသခဲ့ပြီး မြန်မာနိုင်ငံမှ 1-2-1 Public Co.,Ltd ၊ New A1 Family Co.,Ltd ၊ Golden Myanmar Honey Co.,Ltd နှင့် Shwe Zee Kwat Food Manufactur ing & International Export Co.,Ltd စသည့်ကုမ္ပဏီများမှ ပါဝင်ပြသခဲ့ကြောင်း သိရသည်။

ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်ကိုရီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့  ပါဝင်ပြသခဲ့ကြောင်း သိရသည်။

တရုတ်သည် ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် တည်ရှိ​နေပြီး ပြခန်းပေါင်း ၁၀၀ကျော်လာ​ရောက်ဖွင့်လှစ်ခဲ့သည် ။

၂၀၂၃ ခုနှစ်ကစ၍ ဗီယက်နမ်-အိန္ဒိယ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ခိုင်မာလာပြီး​နောက်တွင်အိန္ဒိယပြခန်းများလည်းပါဝင်ပြသလာပြီဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Nguyen Hong Dien နှင့်အတူ အစိုးရအဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံအခြေစိုက် နိုင်ငံခြားသံ ရုံးအသီးသီးမှ သံအမတ်ကြီးများ၊ ကုန်သွယ်ရေးဆိုင်ရာ အ ကြံပေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here