လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် လိုအပ် ရန်ပုံငွေထက် (၄)ရာခိုင်နှုန်းသာ ရရှိထားဟု OCHA အသိပေး

0
148

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြည်သူများ စံချိန်တင်မြင့်တက်လျက်ရှိရာ ၎င်းတိုအားအကူအညီပေးနိုင်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေပမာဏ၏ (၄) ရာခိုင်နှုန်းသာ ရရှိထားပြီး အလုပ်မတွင်ဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က  အသိပေးထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် လိုအပ်နေသော ရန်ပုံငွေမှာ အမေရိကန် ဒေါ်လာ (၉၉၄) သန်းဖြစ်ပြီး လက်ရှိအချိန်ထိ (၄) ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေးသည်ဟု အသိပေးချက်တွင်ပါရှိသည်။

ယခုအခါ ပူပြင်းသောရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည် နယ်ရှိ အိုးအိမ်စွန့်ခွာရသူများမှာ သောက်သုံးရေရှားပါး မှုဒဏ်ကို ရင်ဆိုင်နေကြရကြောင်းနှင့် မုန်တိုင်းရာသီအမှီအမိုးအကာထောက်ပံ့ကူညီမှုပေးရန် အရေးတကြီးလိုအပ်နေသည်ဟု ဆိုသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း မတ်လ (၇) ရက်နေ့ မှစ ၍ KIA ၏ ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ (၁၈,၀၀၀) ကျော်သည် မြို့နယ် (၁၀) မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာတိမ်း ရှောင်လျက်ရှိကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လအတွင်း လက်နက်ကိုင်ပဋိပက္ခ အခြေ အနေသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြား၌ အရှိန်မြင့်တက်လျက်ရှိပြီး၊ ၂၀၂၁ ခုနှစ် ဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာရသူ ၂ ဒဿမ ၅ သန်းကျော် အပါအဝင် လူဦးရေ ၂ ဒဿမ ၈ သန်းကျော် စုစုပေါင်း ၅ဒဿမ ၃သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အသိချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here