အပူလှိုင်းကြောင့် ဖိလစ်ပိုင်၌ ကျောင်းများပိတ်ထား

0
146

မနီလာ၊ဧပြီ ၅

ဖိလစ်ပိုင်နိုင်ငံရှိ စာသင်ကျောင်းထောင်ပေါင်းများစွာသည် အပူရှိန်အန္တရာယ် ​ကြောင့် ကျောင်းများကို ခေတ္တပိတ်ထားကြောင်း ပညာရေးဌာနက ဧပြီ ၅ ရက်နေ့ကပြောကြားခဲ့သည်။

အစိုးရ၏တရားဝင်ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၅,၂၈၈ ကျောင်းသည် ဝေးလံခေါင်သီသောဒေသများသို့ ပြောင်းသွားခဲ့သဖြင့်ကျောင်းသားပေါင်း ၃ ဒသမ ၆ သန်းကျော်ကိုထိခိုက်ခဲ့သည်ဟုလည်းသိရသည်။

ပုံမှန်အားဖြင့် မတ်လ၊ဧပြီလနှင့် မေလများသည်  ဖိလစ်ပိုင်တွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံးလများဖြစ်သလိုယခုနှစ်တွင်မူ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အခြေအနေပိုဆိုးလာခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်ရှိ ကျောင်းအတော်များများ၌လည်း လေအေးပေးစက်မရှိသဖြင့် ကျောင်းသားများသည် လေဝင်လေထွက်မကောင်းဘဲ လူပြည့်ကျပ်နေသော စာသင်ခန်းများတွင် စာသင်နေကြရသည်။အချို့ကျောင်းများသည် နေ့၏ အပူဆုံးအချိန်များ၌ စာမသင်ရ စေရန် စာသင်ချိန်များကို လျှော့ချထားသည်ဟုလည်းသိရသည်။

ဖိလစ်ပိုင်၌ အပူညွှန်းကိန်းသည် သောကြာနေ့တွင် နိုင်ငံတွင်းရှိဒေသအများအပြားတွင် “အန္တရာယ်” ရှိအဆင့်သို့ရောက်ရှိခဲ့ပြီး ၄၂ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၄၃ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာရန်လည်းမျှော်လင့်ထားကြောင်း ပြည်နယ်မိုးလေဝသခန့်မှန်းသူကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here