ဂျိုင်းမြစ်အတွင်း ထိုးကျသွားသည့် ယာဉ်ပေါ်၌ ပါသွား​သော အမျိုးသားအား  ရှာမတွေ့သေးဟုဆို

0
105

ကရင်ပြည်နယ်၊ ဘားအံမြို့ ၊ ဒူရိန်ကျေးရွာ ၊ ဒူရိန်ဆိပ်ကမ်း၌ ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က မော်တော်ယာဉ်တစ်စီး တစ်ဖက်ကမ်းသို့ ဖောင်နှင့်ကူးရာမှ မြစ်အတွင်းထိုးကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး နစ်မြှပ်ပျောက်ဆုံးခဲ့ပြီး ယနေ့ နံနက်ပိုင်းအချိန်အထိ ရှာမတွေ့သေးကြောင်း ဒေသခံ ကယ်ဆယ်အဖွဲ့တာဝန်ခံတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

မြစ်အတွင်းပြုတ်ကျခဲ့သည့်ယာဉ်မှာ TOYOTA HIGHAGE အမျိုးအစားဖြစ်ပြီး ဒေသခံရှာဖွေကယ်ဆယ်ရေးအဖွဲ့က ရှာဖွေခဲ့ရာ ယမန်နေ့  ည(၈)နာရီအချိန်တွင် ယာဉ်အားရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူ အမျိုးသားအား ရှာ ဖွေတွေရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဖောင်ပေါ်အတက် ဘရိတ်ပေါက်ပြီး မြစ်ထဲထိုးကျတာ။ ဖောင်ပေါ်တက်တက်ခြင်းပဲဖြစ်တာ။ ယာဉ်မောင်းကတော့မနေ့က ညကလည်း ရှာတယ်မတွေဘူး။ ဒီနေ့တော့ ရာသီဥ တုအပူရှိန်ရယ်၊ ရေစီးသန်တာတွေကြောင့် မရှာဘဲ ရပ်နားထားပါတယ်။ ပြန်ပေါ်လာမယ့်အချိန်ကိုပဲ စောင့်ကြည့်နေတယ်။ ထိုးကျသွားတာက ဂျိုင်းမြစ်ပါ”ဟု ၎င်းက ပြောသ ည်။

မြစ်အတွင်း ထိုးကျ နစ်မြှပ်သွားသည်ယာဉ်အား ယမန်နေ့ ည(၁၂)နာ ရီအချိန်တွင် ပြန်လည်ဆည်ယူနိုင်ခဲ့ကြောင်း ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးအဖွံ့များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here