ထိုင်ဝမ်ငလျင်၌ စင်္ကာပူနှစ်ဦးပျောက်နေ

0
109

စင်္ကာပူ၊ဧပြီ ၅

ဧပြီလ ၃ ရက်နေ့က ငလျင်လှုပ်ပြီးနောက် ထိုင်ဝမ်တွင် စင်္ကာပူနိုင်ငံသား ၂ ဦး ပျောက်ဆုံးနေကြောင်းသိရပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တိုင်ပေရှိ စင်္ကာပူကုန်သွယ်ရေးရုံးသည် ဒေသ ဆိုင်ရာ အာဏာပိုင်များနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“တိုင်ပေရှိ နိုင်ငံခြား‌ရေးဝန်ကြီးဌာနနှင့် စင်္ကာပူကုန်သွယ်ရေးရုံးတို့သည် နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ဆက်သွယ်ပြီး ကောင်စစ်ရေးရာအကူအညီများကို ပေးအပ်လျက်ရှိကာ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါသည်” ဟုလည်း MFA ကပြောကြားခဲ့သည်။

ငလျင်လှုပ်သည့် Hualien ဒေသ၌ ပိတ်မိနေ သော နိုင်ငံခြားသား ၇၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၄င်းတို့ အနက် ရှစ်ဦးသည် စင်္ကာပူနိုင်ငံသားများဖြစ်သည်ဟုလည်းသိရသည်။

၎င်းတို့အနက် နှစ်ဦးသည် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး ဝန်ကြီးဌာနသည် ငလျင်လှုပ်ခတ်မှုဒဏ်ခံခဲ့ရသော ဒေသများရှိ စင်္ကာပူနိုင်ငံသားအားလုံးကိုပါ ဆက်သွယ်ထားကြောင်းလည်းပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် တိုင်ပေရှိ စင်္ကာပူကုန်သွယ်ရေးရုံးသည် ထိုင်ဝမ်အာဏာပိုင်များနှင့် အနီးကပ်အဆက်အသွယ်ရှိကြောင်းပြောကြားခဲ့ပြီး ပိုမိုပေး အပ်သည့် အကူအညီနှင့်ပံ့ပိုးမှုများအတွက်လည်း ထိုင်ဝမ်အာဏာပိုင်များအားကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦးအထိမြင့်တက်လာကြောင်းလည်းသိရပြီး ဒဏ်ရာရသူမှာလည်း ထောင်ကျော်အထိရှိလာကြောင်း တာဝန်ရှိသူများကဖော်ပြထားသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here