တရုတ်နှင့်ထိုင်းတို့ အာကာသစခန်းဆိုင်ရာသဘောတူညီချက်ရေးထိုး

0
137

စင်္ကာပူ၊ဧပြီ ၆

တရုတ်နှင့်ထိုင်းနိုင်ငံတို့သည် အာကာသအတွင်း၌ အာကာသနှင့် နိုင်ငံတကာလသုတေသနစခန်းများကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးကို ပူးပေါင်းဆောင်ရွက်ရန် မတ်လ ၅ ရက်နေ့က ကနဦးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်အာကာသအေဂျင်စီကပြောကြားခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အာကာသစူးစမ်းလေ့လာရေးနှင့်အသုံးချမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့၌ ကိန်းဂဏန်း အချက်အလက် ဖလှယ်ခြင်းနှင့်ဝန်ထမ်းလေ့ကျင့်ရေးများလည်းပါဝင်သည်ဟုဆိုသည်။

၎င်းတို့အနေဖြင့် လကမ္ဘာသုတေသနစခန်းများကို လေ့လာ ဆန်းစစ်ခြင်းအပါအဝင် အင်ဂျင်နီယာနှင့်စီမံခန့်ခွဲခြင်းဆိုင်ရာအစီအစဥ်များတွင်လည်း ပူးပေါင်းလုပ်ဆောင်ရန်သဘောတူညီခဲ့ကြကြောင်း တရုတ် နိုင်ငံအာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) ၏ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏ Chang’e-7 လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်အတွက် ထိုင်းက ထုတ်လုပ်သည့် အာကာသမိုးလေဝသစောင့်ကြည့်ရေး မော်နီတာတစ်ခုကိုလည်း ရွေးချယ်ခဲ့ကြောင်း အေဂျင်စီကပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်ဝန်းကျင်၌လွှတ်တင်မည့် Chang’e-7 မစ်ရှင်သည် လ၏တောင်ဝင်ရိုးစွန်းရှိ အရင်းအမြစ်များကို စူးစမ်းရှာဖွေမည်ဖြစ်ပြီး လူသားများရေရှည်နေထိုင်နိုင်ရန်ရန်အတွက်လည်းရည်ရွယ်သည်ဟုသိရသည်ည်။

ယင်းနောက် တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်နိုင်ရန် ရည်မှန်းထား‌ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here