မွန်ဘုန်းကြီးကျောင်း (၈)ကျောင်းတွင် ခိုလှုံနေသော ဓမ္မသကျေးရွာစစ်ရှောင်များကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

0
126

မော်လမြိုင်မြို့၊ မွန်ဘုန်းကြီးကျောင်း (၈)ကျောင်းတွင် ခိုလှုံနေသော ဓမ္မသကျေးရွာ စစ်ရှောင်ပြည်သူများအတွက် ယမ န်နေ့ ဧပြီ(၅)ရက်က ဒေသခံအလှူရှင်နှင့် စစ်ရှောင်အရေးဆောင်ရွက်သူများပူးပေါင်း၍ ဆန်အိတ်အပါအဝင် စားနပ် ရိက္ခာများကို ထောက်ပံ့ကူညီပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည့် စစ်ရှော င်ပြည်သူများမှာ ကျိုက်မရောမြို့နယ်၊ ဓမ္မသ၊ရတနာ၊ ကော့ သပ်၊ ကော့စွယ်၊ ကော့ဘိန်းကျေးရွာများရှိ ဒေသခံများဖြစ် ကြောင်း သိရသည်။

မွန်ဘုန်းကြီးကျောင်းများဖြစ်သော သာသနော ‌ဒယကျောင်း ၊ သာသနာ့ ရက္ခိတကျောင်း၊ အထက်ပဲခူးကျောင်း၊ သာသ နာ၂၅၀၀ ကျောင်း၊ မဟာရင်ကျောင်း၊ ပုပ္ပါရုံ ကျောင်း၊ မရမ်းကျောင်း၊ ခရုံဂူစိတ္တသုခကျောင်းများတွင် စစ်ရှောင် (၁ ၀၀၀)ကျော်  ခိုလှုံနေကြခြင်း ဖြစ်သည်။

ထို့အပြင် မော်လမြိုင်မြို့ ၊ တောင်ရိုးတန်းရှိ ရတနာဘုံပျံဘု န်းကြီးကျောင်းတွင် ခိုလှုံနေသော ဓမ္မသစစ်ရှောင်များအတွ က်လည်း ဆန်အိတ်များအပါအဝင် ဟင်းသီးဟင်းရွက်နှင့် သုံးရေအတွက် ဂါလံ (၁,၆၀၀)အား ထောက်ပံ့ကူညီခဲ့ကြကြောင်း သိရသည်။

ကော့ဘိန်းနှင့် ဓမ္မသကျေးရွာ တိုက်ပွဲများကြောင့် ဒေသခံစ စ်ရှောင်ပြည်သူ ထောင်နှင့်ချီ၍ မော်လမြိုင်မြို့အပါအဝင် ‌မွန် ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here