ကန့်ဘလူမြို့နယ်တွင် အဆောက်အအုံစာရင်း ကောက်ယူ
       
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့ပေါ် ရပ်ကွက် ( ၅)ခုတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ရှေ့ပြေးအစီအစဉ်အနေဖြင့် အဆောက်အအုံ စာရင်းကောက်ယူခြင်းလုပ် ငန်းကို ယနေ့ ဧပြီ ၆ ရက်နံနက် ၈ နာရီက စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

0
146

သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းအဖြစ် ကန့်ဘလူမြို့ပေါ် ရပ်ကွက်များ ဖြစ်သည့် ရပ်ကွက် ( ၁/၂/၃/၄/၅) တို့တွင် အဆောက်အုံမှတ်တမ်းတင်စာရင်းကောက်ယူခြင်းကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ကန့်ဘလူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ရဲတပ်ဖွဲ့ ၊လဝက၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အဖွဲ့များ ခွဲကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here