မြန်မာ – ကူဝိတ် လက်ရွေးစင်ဖူဆယ် ခြေစမ်းပွဲတွင် မြန်မာအသင်း (၄)ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

0
144

ယနေ့ ဧပြီလ (၆) ရက် ညနေ (၃) နာရီတွင် ကျင်းပသည့် မြန်မာ – ကူဝိတ် လက်ရွေးစင် ဖူဆယ်ဘောလုံးအသင်းတို့၏ ခြေစမ်းပွဲတွင် မြန်မာအသင်းက (၄)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အသင်းနှစ်သင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Huamark Indoor Stadium ၌ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲမတိုင်မီ လေ့ကျင့်ရေး ခြေစမ်းပွဲကစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ကာဂျစ်စတန်အသင်းနှင့်လည်း ထပ်မံယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ခြေစမ်းပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ဧပြီ (၁၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၁)နာရီခွဲအချိန်၌ ဗီယက်နမ်အသင်း၊ ဧပြီ(၁၉) ရက် ညနေ (၅) နာရီခွဲအချိန်၌ အိမ်ရှင် ထိုင်းအသင်း၊ ဧပြီ (၂၁)ရက် ညနေ (၅) နာရီခွဲအချိန်၌ တရုတ်အသင်းတို့နှင့် တစ်ရက်ခြား ယှဉ်ပြိုင်ကစားသွာကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲ ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်ထံမှ ရုပ်သံပြသခွင့် ဝယ်ယူထားသည့် Canal Plus မှ တိုက်ရိုက်ပြသသွားမည်ဟု ကနဦး သိရသည်။

ဓာတ်ပုံ-MFF


LEAVE A REPLY

Please enter your comment!
Please enter your name here