ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘာ့ဂ်ကို နယ်သာလန်ရဲ ဖမ်းဆီး

0
110

Extinction Rebellion အမည်ရှိ ဆန္ဒပြအုပ်စုနှင့် ပူးပေါင်း၍ နယ်သာလန်နိုင်ငံ သည်ဟိဂ် ရှိ အဝေးပြေးလမ်းတစ်လမ်းပိတ်ဆို့သည်အထိ ဆန္ဒပြခဲ့သည့် ထင်ရှားသော ဆွီဒင်ရာသီဥတု တက်ကြွလှုပ်ရှားသူ ဂရီတာသန်းဘာ့ဂ်ကို ဒတ်ခ်ျအာဏာပိုင်များက စနေနေ့တွင် နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခဲ့သည်။ ဒတ်ချ်အာဏာပိုင်များသည် ဂရီတာသန်းဘာ့ဂ် နှင့် အခြားသော ရာသီဥတုဆိုင်ရာ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

သန်းဘာ့ဂ်အား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ခေတ္တမျှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ရာတွင် မြို့တော်၏ အဓိကရထားဘူတာရုံသို့သွားသည့်လမ်းကို ပိတ်ဆို့ထားသည့် ဆန္ဒပြသူအုပ်စုငယ်နှင့် ထပ်မံပူးပေါင်းခဲ့ပြန်သဖြင့် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ထိုအခါတွင်မူ သူမနှင့် အခြားသူများကို ရဲကားဖြင့် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ်ဖမ်းဆီးခံရရာတွင်မူ သူ့အား ရဲများက နာရီအတော်ကြာ ထိန်းသိမ်းထား ဆန္ဒပြအုပ်စုခေါင်းဆောင်က ပြောသည်။

ဂရီတာသန်းဘာ့ဂ် သည် နယ်သာလန်နိုင်ငံ၏ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို ကန့်ကွက်ရန်အတွက် Extinction Rebellion ဆန္ဒပြအုပ်စုမှ အဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here