နိုင်ငံတစ်ဝန်းရှိစာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းနိုင်

0
128

အစိုးရအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသည်။

ထို့အပြင် စေတနာရှင် အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ စုပေါင်းပေးအပ်လှူဒါန်းပွဲ ကို ဧပြီလ (၁၀) ရက် နံနက် (၁၀) နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် “ပညာဒါန” အလှူအဖြစ် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလိုပါက ဖော်ပြထားသည့် ပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးဖော်ပြထားသည်။

လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူး (ထုတ်လုပ်) ပြန်/ဆက် ဦးစီးဌာန ဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇ ၃၄၁၂၃၇၁ / ၀၉ ၄၂၁၀၄၆၇၁၅ ၊ ညွှန်ကြားရေးမှူး (ပြန်/ဆက်) ပြန်/ဆက် ဦးစီးဌာန ဖုန်း ၀၆၇ ၃၄၁၂၁၆၄ ၊ တိုင်းဒေသကြီး / ပြ ည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်/ဆက်‌ဦးစီးဌာန ရုံးများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here