လျှပ်စစ်ဓာတ်အားခကို ဘဏ်နှင့် ကုမ္ပဏီ (၁၇) ခုမှတဆင့် ဓာတ်အားခ ပေးဆောင်နိုင်

0
163

လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာတွင် မြို့နယ်ရုံး ကောင်တာများတွင် တန်းစီပေးဆောင်စရာမလိုဘဲ လွယ်ကူလျင်မြန်စေရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ စီစဉ်ထားပြီး  ဘဏ်များ၊ ကုမ္ပဏီများ၏ Mobile Application ၊ Wallet များ၊ Pay များမှတဆင့် ပေးဆောင်နိုင်သည့် နည်းလမ်းများအတိုင်း သတ်မှတ်ထားသော Last Date ရက် မတိုင်မီ ပေးဆောင်နိုင်ပါကြောင်း သိရသည်။

အဆိုပါ ဘဏ်နှင့် ကုမ္ပဏီများမှာ KBZ ဘဏ်၏ Mobile Banking, KBZ Pay ၊ Mytel ၏ Mytet Pay ၊ CB ဘဏ်၏ CB Pay ၊ AYA Bank ၏  Mobile Banking, internet Ban king, AYA Pay ၊ UAB Bank ၏ uab mobile, Banking, uab pay ၊ Ok$ ၏  Ok$၊ Yoma Bank ၏ Mobile Banking ၊ MAB Bank ၏ Mobile Banking၊ Myanmar Mobile Money ၏ Easy Pay တို့ဖြင့် ပေးဆောင်နိုင်ကြောင်း သိရသည်။

ထို့အပြင် MOB Bank ၏ Mobile Banking, Tun Commercial Bank ၏ Internet Banking, Citizens Bank ၏ Citizens Pay, AGD  Bank ၏ One Pay, Shwe Bank ၏ Mobile Banking, Mo Money, A Bank ၏ A Plus, Ooredoo ၏ Ooredoo Application, M-Pitesan နှင့် Wave Money တို့မှလည်း ပေးဆောင်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here