ကာဂျစ္စတန်အသင်းနှင့် ခြေစမ်းပွဲတွင် မြန်မာလက်‌ရွေးစင် ဖူဆယ်အသင်း ရှုံးနိမ့်

0
142

ထိုင်းနိုင်ငံတွင် ယနေ့ ဧပြီ(၁၀)ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် ကာဂျစ္စတန်အသင်းတို့၏ လေ့ကျင့်ခြေစမ်းပွဲတွင် မြန်မာအသင်းမှာသုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဧပြီ (၆)ရက် ညနေပိုင်း၌ ကူဝိတ်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြရာ၌ မြန်မာအသင်းက (၄)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိထားသည်။

AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲဝင်ခွင့်ရ မြန်မာအသင်းသည် ပွဲမတိုင်ခင် ကူဝိတ်နှင့်ကာဂျစ္စတန် အသင်းတို့ဖြင့် လေ့ကျင့်ရေးခြေစမ်းပွဲကစားကြခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ခြေစမ်းပွဲများကစားအပြီး မြန်မာအသင်းအနေဖြင့် ဧပြီ (၁၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၁)နာရီခွဲအချိန် ၌ ဗီယက်နမ်အသင်းဖြစ်လည်းကောင်း ဧပြီ(၁၉)ရက် ညနေ (၅)နာရီခွဲအချိန်၌ အိမ်ရှင် ထိုင်းအသင်း၊ ဧပြီ(၂၁)ရက် ညနေ (၅)နာရီခွဲအချိန်၌ တရုတ်အသင်းနှင့်လည်းကောင်း တစ်ရက်ခြား ယှဉ်ပြိုင်ကစားသွာကြမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၏ နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉) သို့ တက်လှမ်းနိုင်ခဲ့ကာ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင်သတ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here