ပျဉ်းမနားမြို့တွင် ယနေ့ နံနက်ပိုင်းက နေအိမ်အချို့နှင့် ဆိုင်ခန်း တစ်ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
90

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ရန်အောင်(၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း ဘေး၌ ယနေ့ ဧပြီ (၁၁)ရက် နံနက် (၁၀)နာရီဝန်းကျင် အချိန်ခန့်တွင် နေအိမ်အချို့နှင့် ဆိုင်ခန်း တစ်ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနားမြို့ အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

 မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်ရေယာဉ် (၆)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီး၊ အရန်မီးသတ်တပ်ဖွဲဝင်(၁၀)ဦးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည် ။  

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးကျွင်း၊ မီးကျန်များကို  ဆက်လက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀)နာရီ မိနစ်(၂၀)အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်း (၁)ခန်း၊ ပျဉ်ခင်း နေအိမ် (၁)လုံး တစ်ထပ်တိုက်နေအိမ် ခေါင်မိုးတို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ ဖြစ်စဉ်အရ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှု တန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲမှ ဆ က်လက် စစ်ဆေးတွက်ချက်သွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here