ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေပြီ။အသစ်ထပ်ရွေးထားသူများလည်းပါဝင်

0
291

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ကစားသမား(၂၄)ဦးဖြင့် ဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားသမား (၂၄) ဦးတွင် ယခင်အသင်း၌ရှိသော ကစားသမားများနှင့် အသစ်ထပ်မံရွေးချယ်ထားသည့် ကစားသမားများ ပါဝင်လာခဲ့ပြီး အသင်းတွင် ပြည်ပကလပ်အသင်း၌ သွားရောက်ကစားနေသည့် တိုက်စစ်မှူးဝင်းသိဂီထွန်းလည်း ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်း လေ့ကျင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ကစားသမားများ ခြေစွမ်းတိုးတက်စေရန်နှင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုများအဖြစ် ခြေစမ်းပွဲစဉ်များကိုလည်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြ (၇) ဦးနှင့် ပြိုင်ပွဲဝင်ကစားသမား (၂၄) ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးကျော်စိုးဦးက တာဝန်ယူသွားမည်ဖြစ်သည်။

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအား အသင်း (၇)သင်းဖြင့် ပွဲစဉ် (၂၁)ပွဲအထိ သုံးကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးကြေညာထားသည်။

ယခုနှစ်ပြိုင်ပွဲအား မေလ (၇) ရက်မှ နိုဝင်ဘာလ(၅)ရက်အထိ ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ သုံးကျော့စနစ်ဖြင့် ကျင်းပသွားရန်လျာထားပြီး လက်ရှိ အမျိုးသမီးလိဂ် ချန်ပီယံဆုရရှိထားသည့် မြဝတီအသင်း ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ Young Lionesses ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

သုံးကျော့စနစ်အရ (3 Round Robin) ပထမအကျော့အား မေ(၇)ရက်မှ ဇွန်(၁၁)ရက်အတွင်း ပွဲစဉ် (၇)ပွဲ အားလည်း ကောင်း၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင်(၁၇)ရ က်မှ ဩ ဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာ(၆) ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်း ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here