မန္တလေး ၊ငွေတော်ကျီးကုန်းရှိ စိန်ကမ္ဘာချည်မျှင် စက်ရုံ မီးလောင်မှု Level -2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

0
150

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်းနှင့် (၆၂) လမ်းထောင့်၊ မင်္ဂလာကန်လမ်း၊ ငွေတော်ကျီးကုန်းရပ်ကွက်ရှိ စိန်ကမ္ဘာချည်မျှင် စက်ရုံ မီးလောင်ဖြစ်ပွားရာ Level -2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဧပြီ (၁၂) ရက်၊ နံနက် (၀၀)နာရီ (၁၇)မိနစ်အချိန်ခန့်က ငွေတော်ကျီးကုန်းရှိ စိန်ကမ္ဘာချည်မျှင် စက်ရုံ မီးလောင်ဖြစ်ပွားကြောင်း သတင်းအရ Level – 2 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးလောင်ပြင်တွင် နယ်မြေခံ မီးသတ်ကားများနှင့်အတူ မီးအလင်းရောင် ရရှိရေး အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting)ဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၀၀)နာရီ (၄၄)မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၀၀)နာရီ (၅၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အရ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုးမှု တန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲမှ ဆက်လက် စစ်ဆေး တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၉) ရက်ကလည်း ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအိမ် ၆ အိမ်ခန့် ဆုံးရှုံးခဲ့ရသေးကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here