IWA(Yangon) ဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၏ဇနီး Mrs Iona Sinha မှ ဦးဆောင်ကာ “MANGAL MAITRI” အမည်ရှိ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

0
97

၂၀၂၄ ခုနှစ် ဧပြီလ ၉ရက်နေ့တွင် Indian Women Association (Yangon) ၏ ဥက္ကဌ ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၏ဇနီး Mrs Iona Sinha မှ ဦးဆောင်ကာ “MANGAL MAITRI” အမည်ရှိ အိန္ဒိယနှင့်မြန်မာနှစ်နိုင်ငံကြားရှိ အကြောင်းအရာများ ရေးသားထားသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သည်။

“MANGAL MAITRI” ဟုခေါ်သော အဆိုပါစာအုပ်တွင် Indian Women’s Association မှ အမျိုးသမီးများ ‌ရေးသားထားသည့် Stories များ၊ လုပ်ကိုင်ဆောင်ရွက်နေသော အကြောင်းအရာကိစ္စများ၊ အခမ်းအနားများ၊ Activity များ နှင့် လူမှုကူညီရေးလုပ်ငန်းများတွင် ထောက်ပံ့ကူညီခဲ့သည်များကို မှတ်တမ်းအနေဖြင့် ရည်ရွယ်ကာ စာအုပ်ပြုစုခဲ့ပြီး အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံကြားတွင်ရှိသော ယဉ်ကျေးမှုဆိုင်ရာဖလှယ်သည့် အကြောင်းအရာများ၊ ဘာသာစကား၊ ဓလေ့စရိုက်၊ နှစ်နိုင်ငံဆက်ဆံရေး၊ ဘာသာရေး အစရှိသည်များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားကြောင်း သိရသည်။

အဆိုပါစာအုပ်ကို အိန္ဒိယသံရုံးနှင့် နိုင်ငံတကာသံတမန်များ ဆက်ဆံသည့်အခါ လက်ဆောင်အ‌ဖြစ်ပေးအပ်မည် ဖြစ်ကြောင်းသိရသည်။

Indian Women’s Association သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၏ဇနီးမှ ဥက္ကဌအဖြစ်ပါဝင်ထားပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင်ရှိသော အိန္ဒိယနွယ်ဖွားအမျိုးသမီးများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here