မြန်မာ့သရက်သီးများကို ကျိုင်းတုံ – မိုင်းလား – တာလော့ မှ တင်ပို့ရန် ဆွေးနွေး

0
106

မြန်မာ့သရက်သီးများကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံ – မိုင်းလား – တာလော့ လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ရန် ဆွေးနွေးခဲ့ကြောင်း သိရသ ည်။

မြန်မာ့သရက်သီးများ တရုတ်ပြည်သို့ တင်ပို့နိုင်ရေးအတွက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲကုန်သည် ကြီးများ အသင်းတာဝန်ခံနှင့် မန္တလေးတိုင်းဒေသကြီးကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင်အ သင်းတာဝန်ရှိသူများ သရက်သီးစိုက်တောင်သူများနှင့်အတူညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

တရုတ်သို့တင်ပို့ရန် ဖြစ်နိုင်သော လမ်းကြောင်းများမှတဆင့်မြန်ဆန်စွာ တင်ပို့နိုင်ရေး၊ တရုတ်ဘက်မှ စစ်ဆေးမှု မြန်ဆန်သက်သာရေးနှင့် ဖြစ်နိုင်သည့် ကုန်ထုတ်လမ်းကြောင်းများရှာ ဖွေတင်ပို့ရေးနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ကျိုင်းတုံ – မိုင်းလား – တာလော့မှတင်ပို့ရာ တွင်ရင်ဆိုင်ရမည့် လမ်းကြောင်းအခွန်အခများနှင့် ကြာမြင့်မှုအခြေအနေများကြောင့် ကုန်သွယ်မှုအတားအဆီး(Trade barrier)များအတွက် ညှိုနှိုင်းပေါင်းစပ်အဖြေရှာခဲ့ကြကြော င်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးများကို ပြည်ပသို့ တ င်ပို့ရာတွင် ယခင်နှစ်များ၌ တန်ချိန် သောင်းနှင့်ချီ တင်ပို့နိုင်သော်လည်း ယခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြော င်းများ အခက်အခဲရှိနေခြင်းကြောင့် ယခင်နှစ်များ၏ ဆယ်ပုံတစ်ပုံသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာ့သရက်သီးကို ဧပြီလမှစ၍ ဩဂုတ်လအထိ ပြည်ပသို့တင်ပို့လေ့ရှိပြီး တရုတ်နှင့် စင်္ကာပူနိုင်ငံတို့သို့ နယ်စပ်လမ်း ကြောင်းနှင့် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ကြကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here